နည်း ပြ ခြင်း ဆိုတာဘာလဲ What Is Coaching?

21 ott 2023 · 5 min. 30 sec.
နည်း ပြ ခြင်း ဆိုတာဘာလဲ What Is Coaching?
Descrizione

What people needs coaching? Coaching သည် လူတွေအတွက်ဘာကြောင့်လိုအပ်သလဲ? Coaching ဆိုတာလူတွေကို လက်တွေ့ဆန်ဆန် အကူအညီ ပေးနိုင်တဲ့အတတ်ပညာပါ။ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေကိုယ်စီရှိကြတယ်။ ဒါကိုကိုယ်တိုင်ဖော်ထုတ်ဖို့အတွက် အချို့သောလူတွေအတွက်အခက်အခဲရှိနိုင်တယ်။ ငယ်ငယ်က ကစားဖူးတဲ့ Jigsaw Puzzle ဆိုတဲ့ အရုပ်ဆက်ကစားနည်းလေးလိုပါပဲ အဲဒီမှာပါဝင်တဲ့ အစိတ်ပိုင်းလေးတစ်ခုခု လိုနေတယ်ဆိုရင်ပဲ ပုံတစ်ပုံလုံးက ကြည့်လိုအဆင်မပြေနေပါဘူး ဒီအစိတ် အပိုင်းလေးသာဖြည့်လိုက်မယ်ဆိုရင်...

mostra di più
What people needs coaching?

Coaching သည် လူတွေအတွက်ဘာကြောင့်လိုအပ်သလဲ?

Coaching ဆိုတာလူတွေကို လက်တွေ့ဆန်ဆန် အကူအညီ
ပေးနိုင်တဲ့အတတ်ပညာပါ။
လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေကိုယ်စီရှိကြတယ်။
ဒါကိုကိုယ်တိုင်ဖော်ထုတ်ဖို့အတွက် အချို့သောလူတွေအတွက်အခက်အခဲရှိနိုင်တယ်။

ငယ်ငယ်က ကစားဖူးတဲ့ Jigsaw Puzzle ဆိုတဲ့ အရုပ်ဆက်ကစားနည်းလေးလိုပါပဲ အဲဒီမှာပါဝင်တဲ့ အစိတ်ပိုင်းလေးတစ်ခုခု လိုနေတယ်ဆိုရင်ပဲ ပုံတစ်ပုံလုံးက ကြည့်လိုအဆင်မပြေနေပါဘူး ဒီအစိတ် အပိုင်းလေးသာဖြည့်လိုက်မယ်ဆိုရင် ကိုယ့်ဘဝဟာ ပြီးပြည့်စုံခြင်းဆီ
ဆို ရောက်ရှိသွားမှာပါ။
တစ်ဦးတစ်ယောက်ချင်းစီမှာရှိနေပြီးတဲ့ လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ခြင်း၊ ကြုံလာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင် မှန်းဆ ပြင်ဆင်ခြင်း၊ မမျှော်လင့်နိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာပြင်ဆင်ခြင်း၊ မထင်မှတ်ထားတဲ့ အဆင်မပြေမှုတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ လုပ်ဆောင်ခြင်း၊ ကိုယ့်ဘဝကိုယ်အရင်ထက်ပိုမို အဓိပ္ပါယ်ရှိရှိ ရှင်သန်စေခြင်းတွေကို Coaching မှာ ရရှိနိုင်မှာ ဖြစ်တယ်။

Coaching ပညာရပ်က လူတွေကို ဘယ်လိုကူညီပေးနိုင်မလဲ?

1.ပန်းတိုင်တွေ၊ ရည်မှန်းချက်တွေချမှတ်ဖို့ အတွက် ကိုယ့်မှာရှင်းလင်းပြတ်သားမှုမရှိတဲ့ အခြေအနေမျိုး ဟာ ဘဝရဲ့ ကဏ္ဍအတော်များများမှာရှိနိုင်ပါတယ်။ ဥပမာ ကိုယ့်ရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ သာရေး၊ နာရေး အစရှိသည့် နေရာတိုင်းမှာကွက်လပ်လေးတွေဖြည့်ဖို့ လိုနေတတ်တာပါ။ အဲ့ဒီအတွက် Coaching ပညာရပ်နဲ့ လမ်းမှန်တွေ့အောင် ရည်မှန်းချက်ပန်းတိုင်ကိုပိုင်ပိုင်နိုင်နိုင်ချမှတ်နိုင်အောင်အကူအညီပေးနိုင်ပါတယ်။
2.Coach တစ်ယောက်နဲ့ အတူ လက်တွဲလုပ်နေခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှု တာဝန်ခံမှုအလိုလိုရှိလာပြီး ပုံမှန် Coaching Session တွေလုပ်ဖို့အတွက်ကို အမြဲ စိတ်အားထက်သန်ပြိးတက်ကြွနေမှာဖြစ်ပါတယ်။
3.Coach တစ်ယောက်သည်လိုအပ်လာပါက Client ၏ခွင့်ပြုချက်ဖြင့် အကြံဥာဏ်ပေးနိုင်ပါသည်။ ဥပမာ ငယ်ငယ်က ကျက်ထားတဲ့ စာလေးရဲ့ အစလေးမေ့နေတဲ့အချိန် ဆရာကနေ အနည်းငယ်ထောက်ပေးလိုက်သလိုမျိုးပါပဲ။
4.လူတစ်ဦးခြင်းစီရဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် ခေါင်းဆောင်မှုအရည်အချင်းတွေ၊ ဆက်သွယ်ပြောဆိုနိုင်စွမ်းတွေ၊ အချိန်ကိုစီမံခန့်ခွဲနိုင်စွမ်းတွေ စတာတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်အကူအညီပေးနိုင်ပါတယ်။
5.တစ်ကိုယ်ရေဖွံံ့ဖြိုးတိုးတက်မှုနဲ့ မိမိကိုယ်ကိုရှာဖွေတွေ့ရှိနိုင်ရန်အတွက် Coaching ပညာရပ်၏မေးခွန်းတွေကအများကြီးအကူအညီပေးနိုင်ပါတယ်။
6.ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးတယ်ဆိုတာ လူကြီးလူငယ်မရွေးဖြစ်တတ်တဲ့ သဘာဝပါ။ ဒီလိုအချိန်မျိုးတွေဆိုရင် ကိုယ့်အတွက်တန်ဖိုးရှိတဲ့မေးခွန်းမေးပေးမည့်သူလိုပါတယ်။
7.ဘဝရဲ့စိန်ခေါ်မှုတွေကို နည်းမှန်လမ်းမှန်ရင်ဆိုင်နိုင်ဖို့အတွက်လည်းအရည်အချင်းပြည့်ဝတဲ့ Coach တွေကကူညီပေးနိုင်ပတယ်။
8.ဆက်သွယ်ပြောဆိုင်ခြင်းဆိုတဲ့ အရည်အချင်းဟာလူတိုင်းရဲ့ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကအရေးကြီးတဲ့အစိတ်အပိုင်းပါ။ Coach တစ်ယောက်အနေနဲ့ ကိုယ်ရေးကိုယ်တာအတွက်ရော လုပ်ငန်းပိုင်ဆိုင်ရာအတွက်ပါ အကောင်းဆုံးပြောဆိုဆက်သွယ်နိုင်ဖို့အာရုံစိုက်ပါတယ်။
9.ဘဝဆိုတာအချိန်တွေနဲ့တည်ဆောက်ထားတာပါ။ အချိန်နဲ့ ကိုယ့်ဘဝကို ဟန်ချက်ညီညီတည်ဆောက်နိုင်ဖို့ဆိုတာလည်းအရေးကြီးပါတယ်။ နိုင်ငံတကာမှာထိပ်တန်းအောင်မြင်တဲ့သူတွေကိုလေ့လာကြည့်ပါ။ သူတို့မှာ သူတို့ရဲ့ ကိုယ်ပိုင်အချိန်ဆိုတာကို သတ်သတ်မှတ်မှတ်ထားရှိပါတယ်။ သူတို့ရဲ့ လုပ်ငန်းပိုင်းမှာလည်းထိခိုက်မှုမရှိစေရဘူး။ ဘာကြောင့်လဲဆိုတော့သူတို့မှာ Personal Coach တွေရှိကြလို့ပါပဲ။
10.စိတ်ဖိစည်းမှုတွေကိုပယ်ဖျောက်နိုင်မည့်နည်းလမ်းတွေကလည်းကိုယ့်ရဲ့ လူမှုစီးပွားတွေကို ပျော်ရွှင်စွာနဲ့ ဆက်လက်လုပ်ကိုင်နိုင်စေပါတယ်။
11.အသက်မွေးဝမ်းကျောင်းအလုပ်ရွေးချယ်ခြင်းနဲ့ ကိုယ့်ရဲ့ တိုးတက်နိုင်စွမ်းတွေကိုလည်း အစွမ်းကုန်မြှင့်တင်ခြင်း တို့ကိုလည်း Coaching ပညာရပ်ဖြင့်ကူညီပေးနိုင်ပါတယ်။
12.ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းအတွက်ကိုလည်း coach များနဲ့ လက်တွဲ ခြင်းဖြင့် ရလာဒ်ကောင်းတွေရနိုင်တယ်။
13.လူတွေကိုစိတ်အားတက်ကြွစေခြင်းနဲ့ ယုံကြည်ချက်ပြည့်ဝစေခြင်း၊ ချမှတ်ထားသောရည်မှန်းချက်များပြီးမြောက်စေခြင်း စတာတွေအတွက်ကို Coach တွေကကူညီပေးနိုင်ပါတယ်။
14.ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကိုတွန်းအားပေးခြင်းနဲ့ အထောက်အပံ့ပြုခြင်း
15.နောက်ဆုံးကိုယ်ရဲ့ လုပ်နိုင်စွမ်းတွေအတွက် ကိုယ်တိုင်ကျေနပ်နှစ်သိမ့်မှုအပြည့်အဝရရှိစေခြင်း

တွေအတွက်ကို Professional Coach တွေကနေအများကြီးကူညီနိုင်ပါတယ်။

𝖶𝗂𝗍𝗁 𝗅𝗈𝗏𝖾 🩵
𝓓𝓻 𝓞𝓴𝓴𝓪 𝓜𝓲𝓷𝓷
𝗪𝗲𝗹𝗹𝗻𝗲𝘀𝘀 𝗖𝗼𝗮𝗰𝗵 & 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁
𝗡𝘂𝘁𝗿𝗶𝘁𝗶𝗼𝗻 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁
𝗡𝗟𝗣 𝗣𝗿𝗮𝗰𝘁𝗶𝘁𝗶𝗼𝗻𝗲𝗿
PBCA Certified Coach
MBBS(YGN)
MSc Nutrition and Dietetics (UK)

#WellnessCoach #NutritionSpecialist
#DrFortyFit #MakeMyanmarHealthy
#healthyaging_drokka
mostra meno
Informazioni
Autore Dr Okka Minn
Sito -
Tag

Sembra che non tu non abbia alcun episodio attivo

Sfoglia il catalogo di Spreaker per scoprire nuovi contenuti

Corrente

Copertina del podcast

Sembra che non ci sia nessun episodio nella tua coda

Sfoglia il catalogo di Spreaker per scoprire nuovi contenuti

Successivo

Copertina dell'episodio Copertina dell'episodio

Che silenzio che c’è...

È tempo di scoprire nuovi episodi!

Scopri
La tua Libreria
Cerca